Telemedicine ကုသမှုအတွက် လုပ်ဆောင်ရမည့် အဆင့်များ
စုံစမ်းမေးမြန်းခြင်း/ ဆွေးနွေးရန် ရက်ချိန်းယူခြင်း
online မှကုသခြင်း (Telemedicine) ခံယူလိုသူများအနေနဲ့ ဖုန်း၊ Viber၊ Facebook စာမျက်နှာ၊ messenger၊ အက်ပ် သို့မဟုတ် ဝဘ်ဆိုက်တို့မှတစ်ဆင့် တိုင်ပင်ဆွေးနွေးမှုများအတွက် ရက်ချိန်းရယူနိုင်ပါသည်။ ရောဂါ လက္ခဏာများနှင့် ဆရာဝန်နှင့် ပြသလိုသည့်အကြောင်းရင်း အသေးစိတ်အချက်အလက်များကို အော်ပရေတာထံ သို့မဟုတ် ကျွန်ုပ်တို့ အွန်လိုင်းပလပ်ဖောင်းများမှတစ်ဆင့် ကျေးဇူးပြု၍ ပေးပေးပါ။
02
လူနာအခြေအနေ အကဲဖြတ်ခြင်း
ကျွန်ုပ်တို့၏အဖွဲ့သည် သင်၏ တိုင်ပင်ဆွေးနွေးရန် တောင်းဆိုမှုကို ပြန်လည်သုံးသပ်ပြီး online မှကုသခြင်း (Telemedicine) တိုင်ပင်ဆွေးနွေးမှုနှင့် သင့်လျော်မှုရှိမရှိကို ဆုံးဖြတ်မည်ဖြစ်ပါသည်။ online မှကုသခြင်း (Telemedicine) ခံယူလို့ရပါက ပြသလိုသော ဆရာဝန်နှင့် ရက်ချိန်း စီစဉ်ပေးပါမည်။
ငွေပေးချေခြင်း
ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ခြင်းမပြုမီ၊ online မှကုသခြင်း (Telemedicine) ဝန်ဆောင်မှုအတွက် ငွေပေးချေရန် သုံးစွဲသူများအား အကြောင်းကြားမည် ဖြစ်ပါသည်။ ငွေပေးချေမှုကို Kpay, Wave pay, CB pay တို့ဖြင့် ပေးချေနိုင် ပါသည်။
Virtual Consultation
online မှကုသခြင်း (Telemedicine) အတွက် ဗီဒီယိုကောလ် သို့မဟုတ် ဖုန်းကောလ်မှတစ်ဆင့် ဆရာဝန် တစ်ဦးဦးနှင့် ဆက်သွယ်ပြောဆို နိုင်ပါသည်။ ကျွန်ုပ်တို့၏ ဆရာဝန်များက သင့်ရောဂါလက္ခဏာများကို ဆွေးနွေး ပေးပြီး၊ လိုအပ်သောဆေးဘက်ဆိုင်ရာ အကြံဉာဏ်များ ပေးမည်ဖြစ်ကာ လိုအပ်ပါက၊ ဆေးစာရေးပေးပြီး ဆေးဝါးနှင့်ပတ်သက်သော လမ်းညွှန်ချက်များနှင့် ထပ်လောင်းညွှန်ကြားချက်များကို ပေးမည်ဖြစ်ပါသည်။ လိုအပ်ပါက ဆရာဝန်မှ ရောဂါရှာဖွေ စစ်ဆေးမှုများ (ဥပမာ- သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့) သို့မဟုတ် လူနာကို ဆေးရုံ/ဆေးခန်းသို့ လွှဲခြင်းများကို ပြုလုပ်မည် ဖြစ်ပါသည်။
Follow up နှင့် feedback များ
ကျွန်ုပ်တို့၏ အဖွဲ့သည် လူနာ၏ တိုးတက်မှုကို စောင့်ကြည့်ပြီး လိုအပ်သလို ဆက်လက် ပံ့ပိုးကူညီရန် ဆက်လက် လုပ်ဆောင်ပါမည်။ သင့်အတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရန် ကျွန်ုပ်တို့၏ online မှကုသခြင်း (Telemedicine) ဝန်ဆောင်မှုများနှင့် သင့်အတွေ့အကြုံ များအကြောင်း အကြံပြုချက်ပေးရန် တိုက်တွန်းလိုပါသည်။
Make reservation online or Contact Us
အွန်လိုင်းမှ ကြိုတင်စာရင်းသွင်းရန် ဤနေရာကိုနှိပ်ပါ၊
To be available soon