မီဒီယာ
Invitation to the Opening Ceremony of HOME DOCTOR Myanmar Specialist Clinic
HOME DOCTOR Myanmar သည် Dai-ichi Life Myanmar နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ အသက်အာမခံ ပေါ်လစီ ဝယ်ယူမည့် သူများ အတွက် အိမ်အရောက် ကျန်းမာရေး စစ်ဆေးခြင်းဝန်ဆောင်မှုကို စတင်မိတ်ဆက်ခြင်း
Compassion in Action: Bringing Medical Hope and Relief to Earthquake Survivors in Myanmar
HOME DOCTOR Myanmar
သင့်ကျန်းမာရေးကို ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ပေးမည့် ကျွန်ုပ်တို့ ရှိနေပါပြီ။ ကျွန်ုပ်တို့ HOME DOCTOR Myanmar ဆေးခန်းဟာ သင့်ကျန်းမာရေးအတွက် စေတနာထားပြီးကုသပေးဖို့ ရည်ရွယ်ပြီး တည်ထောင်ထား ခြင်းဖြစ်ပါတယ်။ ဆေးခန်းတွင် လူကိုယ်တိုင် တိုင်ပင်ဆွေးနွေးကုသခြင်း၊ လိုင်းပေါ်မှတစ်ဆင့် ကုသခြင်း (telemedicine) နှင့် အိမ်တိုင်ရာ ရောက် လာရောက် ကုသခြင်းစတဲ့ ဝန်ဆောင်မှုများ ပေးလျက်ရှိပါတယ်။ သင့်အနေနဲ့ ဆေးခန်းမှာ ဆရာဝန်နဲ့ လူချင်းတွေ့ဆုံ တိုင်ပင်လိုသည်ဖြစ်စေ၊ သင့်အိမ်မှာပဲ သက်သောင့်သက်သာ ဖြင့် ကုသမှုကို ရယူလိုသည်ဖြစ်စေ သင့်လိုအပ်ချက်များနှင့်ကိုက်ညီတဲ့ ဝန်ဆောင်မှုများပေးရန် အသင့်ရှိနေပါတယ်။ ကျန်းမာရေး စစ်ဆေးခြင်းမှသည် ကုသမှုများအထိ၊ သင်ဘယ်နေရာမှာမဆို သင့်ကျန်းမာပျော်ရွှင်နေစေဖို့ ကျွန်ုပ်တို့ကို ယုံကြည်လိုက်ပါ။ အွန်လိုင်းမှတစ်ဆင့် ရက်ချိန်း ကြိုတင်စာရင်းသွင်းလိုက်ရုံဖြင့် လိုအပ်သော ဝန်ဆောင်မှုများကို ကျွန်ုပ်တို့အဖွဲ့က ဆောင်ရွက်ပေးရန် အသင့်ရှိနေပါပြီ။ သင့်အတွက် လိုအပ်တဲ့ ကုသမှုများကို လွယ်ကူရိုးရှင်းစွာ ခံယူလိုက်ခြင်းဖြင့် သင်၏ မိသားစုသဖွယ် ကျွန်ုပ်တို့အား စိတ်ချယုံကြည်လိုက်ပါ။
HOME DOCTOR Myanmar
က ဘာတွေလုပ်ပေးနိုင်လဲ။
HOME DOCTOR Myanmar ဟာဆေးခန်းတွင် ဆေးကုသခြင်း၊ လိုင်းပေါ်မှတစ်ဆင့် ဆေးကုသခြင်း (သို့) အိမ်တိုင်ရာရောက် လာရောက်ကုသပေးခြင်းစတဲ့ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေပြီး သင်လိုအပ်နေတဲ့ ဆေးကုသမှုကို အဆင်ပြေစွာ လက်လှမ်းမီ ရရှိနိုင်မှာ ဖြစ်ပါတယ်။ သင်အနေနဲ့ ဆေးခန်းသို့ လူကိုယ်တိုင် လာရောက် တိုင်ပင်ဆွေးနွေးကုသမှု ခံယူလိုပါသလား (သို့) ဖုန်းထဲမှတစ်ဆင့် တိုင်ပင် ဆွေးနွေးလိုပါလား (သို့) အိမ်သို့ လာရောက်ကုသခြင်းကို နှစ်သက်ပါသလား၊ ကျွန်ုပ်တို့ရဲ့ အတွေ့အကြုံရှိတဲ့ ဆေးပညာရှင်များက သင့်လိုအပ်ချက်များနှင့် ကိုက်ညီတဲ့ ပြည့်စုံသောစောင့်ရှောက်မှုကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
online မှကုသခြင်း (Telemedicine)
ဆရာဝန်နှင့် ဖုန်းဖြင့်ဖြစ်စေ၊ ဗီဒီယို call ဖြင့်ဖြစ်စေ တိုင်ပင် ဆွေးနွေးနိုင်ပြီး ဆရာဝန်ရဲ့ ဆေးညွှန်းများ၊ ကုသမှုများ၊ ညွှန်ကြားချက်များကို လူကိုယ်တိုင် လာပြစရာမလိုဘဲ online မှရရှိနိုင်တဲ့ အတွက် အချိန်ကုန် သက်သာစေပါတယ်။
အိမ်တိုင်ရာရောက်
ဆေးကုသခြင်း
အရည်အချင်းပြည့်မီတဲ့ ဆရာဝန်၊ ဆရာမများ ပါဝင်သော ကျွမ်းကျင်ပညာရှင် အဖွဲ့မှ လူနာအိမ်သို့ လာရောက်၍ လူနာအား စမ်းသပ်စစ်ဆေးပြီး လိုအပ်သည့်ကုသမှုများ ပြုလုပ်ပေးမှာ ဖြစ်တဲ့အတွက် လူနာအနေနဲ့ မိမိတို့ရဲ့အိမ်မှာပင် သက်တောင့်သက်သာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်မှာ ဖြစ်ပါတယ်။
ကျန်းမာရေး
အသိပညာပေးခြင်း
လူတစ်ဦးချင်းစီနှင့် လူမှုအသိုင်းအဝိုင်းတွင် ပိုမိုကျန်းမာသော ဘဝများ ရရှိစေရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းများကိုလည်း ဦးစားပေးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
FAQs
(၁) online မှကုသခြင်း (Telemedicine) ဆိုတာ ဘယ်လိုလဲ?
(၂) အိမ်ပင့်ခေါ်ဆိုခြင်းမှာ မည်သည့်ဝန်ဆောင်မှုများ ပါဝင်လဲ။
(၃) ရက်ချိန်းကို ဘယ်လိုယူရမလဲ။
(၄) အိမ်ပင့်ခေါ်ဆိုမှုအတွက် အပိုအခကြေးငွေများ ပေးရပါသလား။
(၅) အရေးပေါ်အခြေအနေဆိုရင် ဘယ်လိုလုပ်ရမလဲ။
Make reservation online or Contact Us
အွန်လိုင်းမှ ကြိုတင်စာရင်းသွင်းရန် ဤနေရာကိုနှိပ်ပါ၊
To be available soon
![]() |
![]() |
သင့်ကျန်းမာရေးကိုဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ပေးမည့် ကျွန်ုပ်တို့ ရှိနေပါတယ်။ ကျွန်ုပ်တို့ HOME DOCTOR Myanmar ဆေးခန်းဟာ သင့်ကျန်းမာ ရေးအတွက် စေတနာထား ပြီးကုသပေးဖို့ ရည်ရွယ်ပြီး တည်ထောင်ထား ခြင်း ဖြစ်ပါတယ်။
သတင်းအချက်အလက်
Contact Us
အနော်ရထာလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်၊ မြန်မာ။







