အိမ်ပင့်ခေါ်ဆိုမှုအတွက် လုပ်ဆောင်ရမည့် အဆင့်များ
အိမ်ပင့်ခေါ်ဆိုမှုအတွက် လုပ်ဆောင်ရမည့် အဆင့်များ
စုံစမ်းမေးမြန်းခြင်း/ အိမ်ပင့်ခေါ်ဆိုရန် ရက်ချိန်းယူခြင်း။
အိမ်ပင့်ခေါ်ဆိုလိုသူများအနေနဲ့ ဖုန်း၊ Viber၊ Facebook စာမျက်နှာ၊ messenger၊ အက်ပ် သို့မဟုတ် ဝဘ်ဆိုက်တို့ မှတစ်ဆင့် တိုင်ပင်ဆွေးနွေးမှု များအတွက် ရက်ချိန်းရယူနိုင်ပါသည်။ ရောဂါ လက္ခဏာများနှင့် ဆရာဝန်နှင့် ပြသလိုသည့် အကြောင်းရင်း အသေးစိတ် အချက်အလက်များကို အော်ပရေတာထံ သို့မဟုတ် ကျွန်ုပ်တို့ အွန်လိုင်း ပလပ်ဖောင်း များမှတစ်ဆင့် ရှင်းပြပေးပါ။
02
လူနာအခြေအနေ အကဲဖြတ်ခြင်း
ကျွန်ုပ်တို့၏အဖွဲ့သည် သင်၏တိုင်ပင် ဆွေးနွေးရန် တောင်းဆိုမှုကို ပြန်လည်သုံးသပ်ပြီး online မှကုသခြင်း (Telemedicine) တိုင်ပင်ဆွေးနွေးမှုနှင့် သင့်လျော်မှုရှိမရှိကို ဆုံးဖြတ်မည်ဖြစ်ပါသည်။ online မှကုသခြင်း (Telemedicine) ခံယူလို့ရပါက ပြသလိုသော ဆရာဝန်နှင့် ရက်ချိန်း စီစဉ်ပေးပါမည်။
အော်ပရေတာသည် တာဝန်ခံဆရာဝန်ထံ ဆက်သွယ်မည်ဖြစ်ပြီး၊ အိမ်ပင့်ဝန်ဆောင်မှု ခံယူရန် သင့်မသင့်ကို ဆရာဝန်က ဆုံးဖြတ်ပေးမည်ဖြစ်ပါသည်။ အိမ်ပင့်ဝန်ဆောင်မှု ခံယူရန် သင့်လျော်ပါက ဆရာဝန်လာနိုင်မည့် အချိန်ကို ပြန်လည်အကြောင်းကြားပေးပါမည်။
ဆေးပညာရှင်တစ်ဦး သင့်အိမ်သို့လာရောက်ခြင်း
အိမ်ပင့်ခေါ်ဆိုမှုအတွက် ဆေးပညာရှင် တစ်ဦး သင့်အိမ်သို့လာပါမည်။ သင့်အိမ်သို့ ယာဉ်မောင်းတစ်ဦးနှင့်အတူ ရောက်ရှိလာပြီး စမ်းသပ်စစ်ဆေးမှု ပြုလုပ်ရန် လိုအပ်သော ပစ္စည်းပစ္စယများနှင့် ဆေးဝါးအချို့ကို ယူဆောင်လာ ပါမည်။ အိမ်ပင့်ခေါ်ဆိုမှုကို တစ်နာရီအတွင်း ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ထားသော်လည်း အခြေအနေ ပေါ်မူတည်၍ နှောင့်နှေးမှု များရှိနိုင်သည်ကို နားလည်ပေးစေလိုပါသည်။
လူနာကို စမ်းသပ်စစ်ဆေးခြင်းနှင့် လိုအပ်သောကုသမှုပေးခြင်း
ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး လိုအပ်ပါက စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပါ။ ဆရာဝန်က စမ်းသပ်ပြီးနောက် သင့်အား ဆေးစာရေးပေးမည်ဖြစ်ပြီး ဆေး၏ ထိရောက်မှုနှင့် အသုံးပြုပုံကို ရှင်းပြပါမည်။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးမှုများအပြင် ရောဂါရှာဖွေ စစ်ဆေးမှုများ၊ သူနာပြုစောင့်ရှောက်မှုနှင့် ကာကွယ်ဆေးထိုးခြင်း ဝန်ဆောင်မှု များစသည့် ဝန်ဆောင်မှု များစွာကိုလည်း ရရှိနိုင်ပါသည်။
ဆေးကုသမှုခံယူပြီးနောက် ငွေပေးချေခြင်း
HOME DOCTOR Myanmar သည် သင့်ကျန်းမာရေးကို ဦးစားပေးပါသည်။ ကျွန်ုပ်တို့၏အဖွဲ့ထံမှ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုကို သင်လက်ခံရရှိပြီးသည်နှင့် ငွေပေးချေမှုပြုလုပ်နိုင်ပါသည်။
Make reservation online or Contact Us
အွန်လိုင်းမှ ကြိုတင်စာရင်းသွင်းရန် ဤနေရာကိုနှိပ်ပါ၊
To be available soon