CSR လုပ်ဆောင်ချက် – Home Doctor Myanmar နှင့် ASG Bancorp Microfinance Limited တို့ ပူးပေါင်း၍ လူမှုအသိုင်းအဝိုင်းအား ပံ့ပိုးပေးခြင်း

Home Doctor Myanmar သည် ထူးခြားသော ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများကိုပေးရုံသာမက အများပြည်သူတို့၏ လူမှုဘဝကို မြှင့်တင်ပေးရန်အတွက်လည်း ရည်ရွယ်ပါသည်။ အများပြည်သူတို့ရဲ့ လူမှုဘဝ တိုးတက်ကောင်းမွန်လာစေရန် တတ်နိုင်သမျှ ဆောင်ရွက်သွားဖို့ ကတိပြုထားသည့် ကတိကဝတ်နှင့်အညီ၊ ASG Bancorp Microfinance Limited နှင့်ပူးပေါင်း၍ မကြာသေးမီက လူမှုရေးလုပ်ဆောင်ချက်တစ်ခု ဖြစ်တဲ့ CSR ဆောင်ရွက်မှုကို အောင်မြင်စွာပြီးစီးကြောင်း မျှဝေလိုပါသည်။

Asia Sustainability Group ၏ အဖွဲ့ဝင်များဖြစ်သော Home Doctor Myanmar နှင့် ASG Bancorp Microfinance Limited တို့ ပူးပေါင်း၍ မေလ ၃၁ ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ခိုလှုံရာဘိုးဘွားရိပ်သာတွင် နေထိုင်သော အဘိုးအဘွားများအား ထောက်ပံ့ကူညီခဲ့ပါသည်။ အဘိုးအဘွားတို့၏ ဘဝအရည်အသွေးကို မြှင့်တင်ရန်နှင့် မရှိမဖြစ်လိုအပ်သည်များကို ရရှိနိုင်စေရန်အတွက် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့၏ပံ့ပိုးကူညီမှုများ

တစ်နေ့တာ အာဟာရ- အဘိုးအဘွားများ ကျန်းမာစေရန်နှင့် လိုအပ်သော အာဟာရများ ရရှိစေရန် အတွက် အာဟာရပြည့်ဝသော အစားအစာများ ပံ့ပိုးပေးခဲ့ပါသည်။

ငွေသားပံ့ပိုးမှု- အဘိုးအဘွားတို့၏ နေ့စဉ်လူနေမှုဘဝ အခြေအနေများ တိုးတက်ကောင်းမွန်စေရန်နှင့် အမျိုးမျိုး သောလိုအပ်ချက်များကိုဖြည့်ဆည်းပေးရန် ငွေကြေးအကူအညီကို ပေးအပ်ခဲ့ပါသည်။

Diaper များ- သက်ကြီးရွယ်အိုများအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် သက်တောင့်သက်သာရှိစေရန်အတွက် Diaper များကို ထောက်ပံ့ပေးခဲ့ပါသည်။

ဆေးဝါးများ- အဘိုးအဘွားများ၏ ကျန်းမာရေးကို ထောက်ပံ့ပေးရန် ဆီးချိုရောဂါဆေးများ၊ သွေးတိုးကျဆေး များနှင့် ဗီတာမင်အားဆေးများ စသည့် မရှိမဖြစ် လိုအပ်သောဆေးဝါးများအား လှူဒါန်းခဲ့ပါသည်။

မီးစက် – လျှပ်စစ်ဓာတ်အားရရှိရေးနှင့် အဘိုးအဘွားတို့၏ လူနေမှုဘဝများ တိုးတက်ကောင်းမွန်စေရန်အတွက် မီးစက်ကို လှူဒါန်းခဲ့ပါသည်။

အဆိုပါ CSR ပွဲသည် စိတ်ကြည်နူးစရာ အခိုက်အတန့်များနှင့် ပျော်ရွှင်ဖွယ်ရာ အပြန်အလှန်တုံ့ပြန်မှုများဖြင့် ပြည့်နေပါသည်။ ကျွန်ုပ်တို့၏အဖွဲ့သည် သက်ကြီးရွယ်အိုများနှင့် ထိတွေ့ဆက်ဆံခြင်း၊ သူတို့ဘဝ ဇာတ်ကြောင်း များကို နားထောင်ခြင်းနှင့် သူတို့၏ပျော်ရွှင်မှုကို မျှဝေခံစားခွင့်များ ရရှိခဲ့ပါသည်။ သူတို့၏မျက်နှာပေါ်ရှိ အပြုံး များနှင့် သူတို့ဖော်ပြခဲ့သော ကျေးဇူးတင်စကားများကြောင့် အဆိုပါ CSR လှူဒါန်းမှုသည် အမှန်တကယ်ပင် လှူဒါန်းရကျိုးနပ်ပြီး ရပ်ရွာအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများပြုလုပ်ရန် ဆိုသည့် ကျွန်ုပ် တို့၏ ကတိကဝတ်ကို ထပ်လောင်း အားဖြည့်ပေးပါသည်။

အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် လိုအပ်နေသူများ၏ ဘဝအတွက် သိသာထင်ရှားသော အကျိုးပြုမှုများ ကို ပြုလုပ်နိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ Home Doctor Myanmar သည် ရပ်ရွာလူထုအား ပံ့ပိုးကူညီရန်နှင့် အများပြည်သူတို့၏ လူမှုဘဝကောင်းစားရေးကို မြှင့်တင်ရန် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှု များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု သန္နိဋ္ဌာန်ချထားပါသည်။

ကျွန်ုပ်တို့၏ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများဆိုင်ရာများအတွက်၊ ကျွန်ုပ်တို့၏ Facebook စာမျက်နှာ နှင့် ဝဘ်ဆိုဒ်တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆက်သွယ်ရန်

Home Doctor Myanmar (ASG Bancorp Limited)

အမှတ်- ၅ (ဘီ)၊ ၅ ထပ်၊ ပန်းဆိုးတန်းတာဝါ၊ ပန်းဆိုးတန်းလမ်းနှင့် အနော်ရထာလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဆက်သွယ်ရန် ဖုန်းနံပါတ်များ
– 𝟬𝟵 𝟰𝟰𝟬 𝟬𝟭𝟳 𝟱𝟵𝟲
– 𝟬𝟵 𝟰𝟰𝟬 𝟬𝟭𝟳 𝟱𝟵𝟳
Viber နံပါတ်
– 𝟬𝟵 𝟰𝟰𝟬 𝟬𝟭𝟳 𝟱𝟵6
အီးမေးလ်
– info@homedr.com.mm
Facebook:
– [Home Doctor Myanmar] (https://www.facebook.com/HomeDoctorMyanmar)

အားပေးမှုအတွက် ကျေးဇူးတင်ပါသည်။ အတူတကွပူး‌ပေါင်းဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ပိုမိုကျန်းမာ ပျော်ရွှင်သော အသိုက်အဝန်းတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။

သင့်ကျန်းမာရေးကိုဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ပေးမည့် ကျွန်ုပ်တို့ ရှိနေပါတယ်။ ကျွန်ုပ်တို့ HOME DOCTOR Myanmar ဆေးခန်းဟာ သင့်ကျန်းမာ ရေးအတွက် စေတနာထား ပြီးကုသပေးဖို့ ရည်ရွယ်ပြီး တည်ထောင်ထား ခြင်း ဖြစ်ပါတယ်။

Contact Us

အမှတ်- ၅ (ဘီ)၊ ၅ ထပ်၊ ပန်းဆိုးတန်းတာဝါ၊ ပန်းဆိုးတန်းလမ်းနှင့်
အနော်ရထာလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
info@homedr.com.mm

https://www.facebook.com/HomeDoctorMyanmar