HOME DOCTOR Myanmar သည် Dai-ichi Life Myanmar နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ အသက်အာမခံ ပေါ်လစီ ဝယ်ယူမည့် သူများ အတွက် အိမ်အရောက် ကျန်းမာရေး စစ်ဆေးခြင်းဝန်ဆောင်မှုကို စတင်မိတ်ဆက်ခြင်း
HOME DOCTOR Myanmar သည် HOME DOCTOR Japan ၏ ညွှန်ကြားမှုအောက်တွင်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ Dai-ichi Life Insurance Myanmar Ltd. (Dai-ichi Life Myanmar) နှင့် ပူးပေါင်း၍ Dai-ichi Life Myanmar ၏ အသက်အာမခံ ပေါ်လစီ ရယူမည့်သူများအတွက် အိမ်အရောက် ကျန်းမာရေး စစ်ဆေးဝန်ဆောင်မှုများကို ရရှိနိုင်စေရန် လုပ်ဆောင်နေပါတယ်။

မိတ်ဖက်ဆောင်ရွက်မှု၏ ရည်မှန်းချက်များ
ယခုလိုမျိုးမိတ်ဖက်ဆောင်ရွက်ခြင်းမှ Dai-ichi Life Myanmar ၏ အသက်အာမခံ ပေါ်လစီ ရယူမည့်ကာစတန်မာများအနေဖြင့် လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများကို ဆေးရုံဆေးခန်းများသို့သွားရောက်စရာမလိုဘဲ HOME DOCTOR Myanmar ၏ အိမ်တိုင်ရာရောက်ရောက် ကျန်းမာရေး စစ်ဆေးခြင်းဝန်ဆောင်မှုများကို ရရှိနိုင်မည်ဖြစ်ပါတယ်။ အာမခံပေါ်လစီ ရယူရန် လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများကို မိမိနေအိမ်မှ ရရှိနိုင်ခြင်းကြောင့် ကာစတမ်မာများအတွက် အချိန်မကုန်စေဘဲသက်တောင့်သက်သာဖြင့် အာမခံ စာရင်းသွင်းခြင်း လုပ်ငန်းစဉ်ကို ပိုမိုရိုးရှင်း၍ ထိရောက်လွယ်ကူစွာ ပြုလုပ်နိုင်မည်ဖြစ်ပါတယ်။
အသက်အာမခံပေါ်လစီဝယ်ယူရာတွင်လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများကိုပြုလုပ်ရာတွင်ဆေးရုံဆေးခန်းများသို့သွားရောက်ရန် အခက်အခဲများရှိခြင်း၊ အချိန်ကုန်လူပင်ပန်းဖြစ်ခြင်းစသည်တို့ကိုဖြေရှင်းနိုင်ရန်အတွက် Dai-ichi Life Myanmar သည် ဂျပန်နိုင်ငံမှကျွမ်းကျင်ဆရာဝန်များနှင့်သူနာပြုများ၏အိမ်အရောက်ကျန်းမာရေးစစ်ဆေးခြင်းဝန်ဆောင်မှုပေးလျက်ရှိသော HOME DOCTOR Myanmar နှင့် မိတ်ဖက်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။
ဝန်ဆောင်မှု အကျဉ်းချုပ်
HOME DOCTOR Myanmar ၏ အိမ်အရောက် ကျန်းမာရေး စစ်ဆေးမှုများကို ဆေးကုသခွင့်လိုင်စင်ရ ဆရာဝန်များနှင့် သူနာပြုဝန်ထမ်းများက ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ဒီဝန်ဆောင်မှုများသည် လူကြီးများ၊ အချို့သော ရောဂါရှိသောသူများ၊ အချို့သော ဆေးစစ်ခြင်းဝန်ဆောင်မှုရယူနိုင်သောဆေးခန်းနှင့် အလှမ်းဝေးသောဒေသများတွင် နေရသူများ စသည့် အခက်အခဲရှိသူများအတွက်
အိမ်တိုင်ရာရောက် ကျန်းမာရေး စစ်ဆေးမှုများ ရယူနိုင်ပြီး၊ ၎င်းတို့အား ပိုမိုလုံခြုံ အဆင်ပြေစွာ စစ်ဆေးနိုင်စေမည်ဖြစ်ပါတယ်။
မျှော်မှန်းထားသော အကျိုးသက်ရောက်မှုနှင့် တန်ဖိုး
ဤဝန်ဆောင်မှုသည် အသက်အာမခံပေါ်လစီဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသူများအတွက် ပိုမိုအဆင်ပြေစေပြီး ပေါ်လစီ စာရင်းသွင်းသည့်အချိန်ကို လျှော့ချပေးကာ၊ Dai-ichi Life Myanmar ၏ ပေါ်လစီ ရယူသူအရေအတွက်ကို တိုးတက်စေမည်ဟုမျှော်လင့်ပါတယ်။ ထို့အတူ HOME DOCTOR Myanmar ၏ ကွန်ယက်ဖြင့် ဒေသတွင်းဆေးရုံများနှင့် ပူးပေါင်းပြီးအရည်အသွေးမြင့် ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးအပ်လာနိုင်ဖို့ရည်ရွယ်ပါတယ်။
အနာဂတ်စီမံချက်
HOME DOCTOR Myanmar သည် Dai-ichi Life Myanmar နှင့် ပူးပေါင်းမှုကို တိုးမြှင့်ဆောင်ရွက်ရန် ဆက်လက်လုပ်ဆောင်နေပြီး၊ အိမ်တိုင်ရာရောက်ကျန်းမာရေးစစ်ဆေးခြင်းဝန်ဆောင်မှုများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသက်အာမခံလုပ်ငန်း၏ ယုံကြည်မှုကို မြှင့်တင်ရန် အဓိက ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ပါတယ်။
ကုမ္ပဏီများ၏ အသေးစိတ်
Dai-ichi Life Insurance Myanmar Ltd.
- ရုံးခန်း : 20th Floor, Sule Square Office Tower, No.221, Sule Pagoda Road, Kyauktada Township, Yangon, Myanmar
- CEO : Zarchi Tin
- ဝက်ဘ်ဆိုဒ် : https://www.dai-ichi-life.com.mm/
HOME Doctor Inc.
- ရုံးခန်း : 3F, Erasmus Shiba Koen Building, 2-18-2 Shiba, Minato-ku, Tokyo
- CEO: Takuya Sasaki
- ဝက်ဘ်ဆိုဒ် : https://homedr.co.jp/
HOME DOCTOR Myanmar (ASG Bancorp Limited)
- ရုံးခန်း : No. 5B, 5th Floor, Pansodan Business Tower, Corner of Pansodan Street & Anawrahta Road, Kyauktada Township, Yangon, Myanmar.
- ကိုယ်စားလှယ် : Moeko Sasaki
- ဝဘ်ဆိုဒ် : https://www.facebook.com/HomeDoctorMyanmar
မေးမြန်းရန်
HOME DOCTOR Myanmar
- ဖုန်း : +95 9440017596
- အီးမေးလ်: info@homedr.com.mm
သင့်ကျန်းမာရေးကိုဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ပေးမည့် ကျွန်ုပ်တို့ ရှိနေပါတယ်။ ကျွန်ုပ်တို့ HOME DOCTOR Myanmar ဆေးခန်းဟာ သင့်ကျန်းမာ ရေးအတွက် စေတနာထား ပြီးကုသပေးဖို့ ရည်ရွယ်ပြီး တည်ထောင်ထား ခြင်း ဖြစ်ပါတယ်။
သတင်းအချက်အလက်
Contact Us
အနော်ရထာလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်၊ မြန်မာ။